တစ်ခါတစ်ရံတွင် Tor ကွန်ရက်သို့ တိုက်ရိုက်ဝင်ရာက်အသုံးပြုမှုကို သင့်အင်တာနက် ဝန်ဆောင်မှု ပံ့ပိုးသူ (သို့) အစိုးရက ပိတ်ဆို့ထားနိုင်ပါသည်။
Tor ဘရောက်ဇာတွင် ဤပိတ်ဆို့မှုများကို ရှောင်ရှားရန် ဆင်ဆာရှောင်ကိရိယာများ ပါဝင်သည်။ ဤကိရိယာများကို "အသွားအလာ အသွင်ပြောင်းကိရိယာများ" ဟု ခေါ်သည်။
အသွားအလာ အသွင်ပြောင်းကိရိယာ အမျိုးအစားများ
လက်ရှိတွင် အသွားအလာ အသွင်ပြောင်းကိရိယာ သုံးမျိုးကို ရရှိနိုင်သော်လည်း နောက်ထပ် ရေးသားဖန်တီး နေပါသည်။
obfs4
|
obfs4 သည် Tor ၏ အသွားအလာကို ကြုံရာကျပန်းပုံ ပေါက်စေသည့်အပြင် စိစစ်ဖြတ်တောက်သူများက အင်တာနက် စကန်ဖတ်ရာတွင် တံတားများကို ရှာမတွေ့အောင်လည်း ကာကွယ်ပေးသည်။ obfs4 တံတားများသည် ယခင် အသုံးပြုခဲ့သော obfs3 ၄င်း၏ တံတားများထက် ပိတ်ဆို့ခံရနိုင်ခြေ နည်းသည်။
|
တုပကိရိယာ
|
အသွားအလာ တုပကိရိယာများ (meek transports) သည် သင့်အား Tor သုံးနေသည့်အစား လူသုံးများသော ဝက်ဘ်ဆိုက်တစ်ခုတွင် ရှာဖွေနေသည့်ပုံပေါက်စေသည်။ meek-azure သည် သင့်အား Microsoft ဝက်ဘ်ဆိုက် အသုံးပြုနေသည့်ပုံပေါက်စေသည်။
|
Snowflake
|
Snowflake မှာ Flashproxy ကို ပိုမိုကောင်းမွန်အောင် ဖန်တီးထားခြင်း ဖြစ်ပြီး သင့်အသွားအလာကို WebRTC မှတစ်ဆင့် ပို့ပေးသည်။ WebRTC ဆိုသည်မှာ NAT ကွန်ရက်ဆက်သွယ်နည်း အသင့်ပါသော၊ ကိရိယာအချင်းချင်း ဆက်သွယ်သည့် နည်းလမ်း ဖြစ်သည်။
|
အသွားအလာ အသွင်ပြောင်းကိရိယာများ အသုံးပြုခြင်း
အသွားအလာအသွင်ပြောင်းကိရိယာကို အသုံးပြုရန် Torဘရောင်ဇာကို ပထမဆုံးအကြိမ်စဖွင့်ချိန်တွင် "ချိတ်ဆက်မှု ချိန်ညှိခြင်း"ကို နှိပ်ပါ။
Under the "Bridges" section, locate the option "Choose from one of Tor Browser's built-in bridges" and click on "Select a Built-In Bridge" option.
မီနူးကနေတဆင့် သင်အသုံးပြုလိုသော အသွင်ပြောင်းကိရိယာ ကိုရွေးချယ်ပါ
အသွားအလာ အသွင်ပြောင်းကိရိယာကို ရွေးချယ်ပြီးသည်နှင့် အထက်သို့ သွားကာ သင့်ဆက်တင်များကို သိမ်းဆည်းရန် "ချိတ်ဆက်ရန်" ကို နှိပ်ပါ။
Or, if you have Tor Browser running, click on "Settings" in the hamburger menu (≡) and then on "Connection" in the sidebar.
Under the "Bridges" section, locate the option "Choose from one of Tor Browser's built-in bridges" and click on "Select a Built-In Bridge" option.
မီနူးကနေတဆင့် သင်အသုံးပြုလိုသော အသွင်ပြောင်းကိရိယာ ကိုရွေးချယ်ပါ
တက်ဘ်ကို ပိတ်လိုက်သည်နှင့် သင့်ဆက်တင်များကို အလိုအလျောက် သိမ်းဆည်းပါမည်။

မည်သည့် အသွင်ပြောင်းကိရိယာကို အသုံးပြုသင့်သလဲ။
Tor ဘရောက်ဇာ၏ မီနူးတွင် ဖော်ပြထားသော အသွင်ပြောင်းကိရိယာတစ်ခုစီသည် အလုပ်လုပ်ပုံချင်း မတူညီကြပါ။ ၎င်းတို့၏ ထိရောက်မှုသည် သင်၏ အခြေအနေတစ်ခုစီပေါ်တွင် မူတည်သည်။
သင်သည် ပိတ်ဆို့ထားသော ချိတ်ဆက်မှုတစ်ခုကို ပထမဆုံးအကြိမ် ရှောင်ဖို့ ကြိုးစားနေပါက အသွားအလာ အသွင်ပြောင်းကိရိယာအမျိုးမျိုးဖြင့် စမ်းကြည့်သင့်သည် - obfs4၊ snowflake သို့မဟုတ် meek-azure။
ဤရွေးချယ်မှုအားလုံးကို စမ်းသပ်ပြီးနောက် အွန်လိုင်း မဖြစ်သေးပါက တံတားတစ်ခုကို တောင်းဆိုရန် သို့မဟုတ် တံတား လိပ်စာများကို ကိုယ်တိုင် ရိုက်ထည့်ရန် လိုအပ်ပါမည်။
တရုတ်နိုင်ငံတွင်ရှိသော အသုံးပြုသူများသည် သီးသန့် စာရင်းမပြုလုပ်ထားသော obfs4 bridge နှင့် ချိတ်ဆက်လိုကြသည်
ကျွန်ုပ်တို့၏ Telegram Bot @GetBridgesBot ကို ဆက်သွယ်ပါ ပြီးလျှင် /bridges
ကိုရိုက်နှိပ်ပါ
Or send an email to frontdesk@torproject.org with the phrase "private bridge cn" in the subject of the email.
If you're connecting from other country, please remember to include your country or country code in the subject of the email.
တံတားဆိုတာ ဘာလဲ နှင့် တံတား ရယူနည်းကို လေ့လာရန် တံတားများ အပိုင်းကို ဖတ်ပါ။